

“ ဖြူစင်စိတ်ထားနှလုံးသား ”
( ဒို့အဖြူရောင်က ညီအစ်ကိုတွေ
ဒို့တွေလက်တွဲ ခိုင်ခိုင်မြဲဖို့
စဉ်းစားတွေးတော စာသားနှောလို့
ကဗျာလိုလို ရေးလိုက်တယ် )
Ø ရေမြေရပ်ခြား ကိုရီးယားဝယ်
ဖြူစင်စိတ်ထား နှလုံးသားဖြင့်
ဒို့ညီအစ်ကိုတွေ စုပေါင်းတည်ထောင် “ ဒို့အဖြူရောင် ” ဟု
ဒို့လူမျိုးအလယ် ဂုဏ်တင့်တယ်စွာ
နာမည်တစ်လုံး ရခဲ့ပြီ။
Ø ပင်ပန်းကြီးစွာ ရှာဖွေရသော ချွေးနည်းစာဖြင့်
နိဗ္ဗာန်ရည်မှန်း ဒို့လှူဒါန်းသည်
ကြား ၊ သိ သူတော် သာဓုခေါ်၍
ဒို့ရင်မှာလည်းကြည်နူးရသည် လွန်စွာမွန်မြတ်လှပေသည်။
Ø မွန်မြတ်စိတ်ထား တူညီကြ၍ လူငယ်များပင်ဖြစ်သော်ငြားလည်း
နောင်သံသရာရေး ရည်သန်တွေး၍
ဒါနမျိုးစေ့ချနိုင်ခဲ့ပြီ လွန်စွာမွန်မြတ်လှပေသည်။
Ø ဒို့တွေစိုက်ပျိုး ဒါနမျိုးကြောင့်
ရှင်သန်ပွင့်လန်း ဒါနပန်းကို
ဆွေမျိုးမိဘ သိရှိကြ၍ သာဓုခေါ်သော်
ဒို့တွေပျော်၏ လွန်စွာမွန်မြတ်လှပေသည်။
Ø သို့ဖြစ်ပါ၍
ရေခြားမြေခြား ကိုရီးယားတွင် အစပြု၍
စိတ်ထားတူညီ ဖြစ်တည်ခဲ့သော်
“ ဖြူစင်စိတ်ထား နှလုံးသား ” ကို
မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စေ
ဒို့အဖြူရောင်က ညီအကိုတွေ။
A K Myint ( HTB )
6 members
5 members
5 members
3 members
2 members
2 members
1 member
1 member
1 member
1 member
1 member
1 member
1 member
1 member
1 member
1 member
1 member
1 member
1 member
အဖြူရောင်မေတ္တာလူငယ်များ is a social network
Added by ကိုနောင်ချို
Added by ကိုနောင်ချို
Added by ကိုနောင်ချို
Added by ကိုနောင်ချို
Added by ကိုနောင်ချို
Posted by ကိုနောင်ချို on May 29, 2011 at 2:41am
Posted by ကိုနောင်ချို on May 27, 2011 at 8:51pm
Posted by ကိုနောင်ချို on May 27, 2011 at 8:47pm
Posted by ကိုနောင်ချို on May 22, 2011 at 10:39pm
Posted by ကိုနောင်ချို on May 22, 2011 at 8:00pm
Posted by ကိုနောင်ချို on May 11, 2011 at 6:00pm
Posted by ကိုနောင်ချို on May 9, 2011 at 12:30pm — 2 Comments
Posted by ကိုနောင်ချို on May 8, 2011 at 6:00pm
Posted by ကိုနောင်ချို on May 8, 2011 at 6:00pm
Posted by ကိုနောင်ချို on May 3, 2011 at 6:37pm
၁။ မိဘမဲ့ ကလေးသူငယ်များ၊သက်ကြီးရွယ်အို ဘိုဘွားများအားနွေးထွေးစွာ ပြုစုစောင့်ရှောက်ရန်နှင့် ကူညီထောက်ပံ့သွားရန်။
၂။အခြား လူမှုရေး နှင့် ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်သွားရန်။
၃။လူငယ်လူရွယ်များချစ်ခင်ရင်းနှီးစွာ၊ အစုအသင်းစိတ်ဓါတ်ဖြင့် လူမှုဖွံ့ဖြိုး ရေးနိမ့်ကျနေသော ပတ်ဝန်းကျင်အား ထိရောက်စွာအကျိုးပြုရန်။
_________________________________________________________
အဖွဲ့ ဝင် သူငယ်ချင်းသိရှိစေရန်
ကျွန်တော်တို့ အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ လေးသည် ကိုရီးယားရောက်သူငယ်ချင်းများမှ ပရဟိတအလှူအတန်းများကို သာ ဆောင်ရွက်လှူဒါန်းသော အဖွဲ့ လေးဖြစ်သဖြင့် ဤ ဆိုဒ်လေးအတွင်းသို့ လာရောက်လည်ပတ်ကြသော သူငယ်ချင်းများအနေဖြင့် နိုင်ငံရေးနှင့် ပတ်သတ်သော စာများမရေးသားကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။
________________________________________________________
ကိုဇော်မင်းထွန်း - ၀၁၀ ၈၂၃၉ ၁၉၇၇ သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ဝမ်းသာကြည်နူးသောစိတ်ဖြင့်သာဓုခေါ်နိုင်ကြပါစေ။
ကျွန်တော်တို့ အဖြူရောင်မေတ္တာလူငယ်များအနေနှင့် ပရဟိတအလှူများဖြစ်သော ကလေးသူငယ်များ၏ ပညာရေးအထောက်အပံ့များ၊ အထက်တန်းပညာကိုအောင်မြင်ထူးချွန်သော ကျောင်းသားလူငယ်များအား လစဉ်ထောက်ပံ့ကူညီလျှက်ရှိပါတယ်။ ဒီနှစ်ဟာကျွန်တော်တို့အဖွဲ့အတွက် ထူးခြားသောနှစ်ဖြစ်တယ်လို့ပြောရမလားပေါ့ခင်ဗျာ။ မြန်မာနိုင်ငံမှာ သာသနာ့တာဝန်ကိုထမ်းဆောင်ရင်း အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် PH.D ပညာသင်ဘွဲ့ကိုသွားရောက်ယူနိုင်ရန်အတွက် ကျွန်တော်တို့အဖြူရောင်မေတ္တာလူငယ်များအဖွဲ့မှ ဆရာတော်အရှင်ဦးဥာဏိကအား မြန်မာကျပ်ငွေ ( ၃၄၀၀၀၀ ) တိတိကို မြန်မာပြည်သို့အလည်သွားရောက်နေသော အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ဝင် ကိုသူရထွန်းမှသွားရောက်လှူဒါန်းပေးနိုင်ခဲ့ပါတယ်ခင်ဗျာ။ ယခုလိုလှူဒါန်းနိုင်သောအလှူအတွက် အဖြူရောင်မေတ္တာလူငယ်အသင်းဝင်များနှင့်အလှူရှင်များအားလုံး ဝမ်းသာကြည်နူးသောစိတ်ဖြင့် သာစုခေါ်နိုင်ကြပါစေ။
နတ်လူသာဓုခေါ်နိုင်ကြပါစေ။
ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊အရှေ့ ၆မိုင် ၈ဖာလုံမှာရှိတဲ့ ကျွဲရိုင်းပြင်ရွာလေးမှာ ရေဘေးဒုက္ခရောက်နေ၍လမ်းများပျက်စီးနေပြီး ကျောင်းတက်နေသောကလေးငယ်များဒုက္ခရောက်နေသည်ကိုသိရှိရသဖြင့် ကျွန်တော်တို့အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ညီအကိုများကူညီချင်သည့်စိတ်များဖြစ်ပေါ်လာသဖြင့် ကိုရီးယားနိုင်ငံတွင် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိသော ရွှေမြန်မာလူငယ်များအသင်း၊ မုဒုံလူငယ်အသင်းနှင့် စေတနာရှင်ညီအကိုများတစ်စုတို့မှ စုပေါင်းပြီးကုသိုလ်ပြုနိုင်ခဲ့ပါတယ်ခင်ဗျာ။ ကလေးများအတွက်လိုအပ်နေသော ကျောင်းသုံးပစ္စည်းများကိုကူညီနိုင်ရန်အတွက်
အဖြူရောင်မေတ္တာလူငယ်များအဖွဲမှ မြန်မာကျပ်ငွေ ( ၅၀၀၀၀၀)
ရွှေမြန်မာလူငယ်များအသင်းမှမြန်မာကျပ်ငွေ ( ၃၀၀၀၀၀ )
မုဒုံလူငယ်များအသင်းမှမြန်မာကျပ်ငွေ ( ၃၀၀၀၀၀ )
စေတနာရှင်ညီအကိုများတစ်စုမှကိုရီးယားဝမ်ငွေ(၂၆၀၀၀၀) တို့ကို အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ဝင် ကိုအောင်အောင်ဦးနှင့် သူငယ်ချင်းတစ်စုမှ ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းနိုင်ခဲ့ပါတယ်ခင်ဗျာ။
ယခုလိုကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးသော ကိုအောင်အောင်ဦးနှင့်သူငယ်ချင်းတစ်စု ၊ ပူပေါင်းပါဝင်လှူဒါန်းပေးကြသော အဖွဲ့အစည်းများမှ ညီအကိုများအား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
အဖြူရောင် နှလုံးသား၊ အဖြူရောင် အပြုံးများနဲ့ အဖြူရောင်မေတ္တာ လူငယ်များ
(မနာပ ဒါယီဆရာတော် အရှင်ဝိစိတ္တ)
ပြီးခဲ့တဲ့ တနင်္ဂနွေ (၁၈-၉၂၀၁၁)ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့ ဘူဖျောင်းမှာရှိတဲ့ မြန်မာဗုဒ္ဓသာသနာပြုကျောင်း ပဓာန နာယကဆရာတော် အရှင်သုမင်္ဂလရဲ့ မယ်တော်ကြီး တစ်လပြည့်ဆွမ်းအလှူကို ကြွရောက်ဖြစ်ခဲ့ပါတယ်။ ဘုန်းဘုန်းကြွလာတယ်ဆိုတာသိတော့ အဖြူရောင်မေတ္တာ လူငယ်များအဖွဲ့ (ကိုရီးယား)မှ ခေါင်းဆောင်လူငယ်လေးတွေ လာရောက်ပြီး ဖူးမျှော်ကာ သိချင်တာများ မေးလျှောက်ရင်း သူတို့သူတို့လေးတွေရဲ့ လှုပ်ရှားမှုများနဲ့ ပတ်သက်ပြီးတော့ လျှောက်ထားကာ အကြံဉာဏ်များလည်း တောင်းခံကြပါတယ်။ ဆရာတော်ဦးသုမင်္ဂလနဲ့အတူ ဘုန်းဘုန်းတို့လည်း သူတို့လေးတွေရဲ့ လှုပ်ရှားမှုအပေါ်မှာ ဝမ်းမြောက်နုမော် သာဓုခေါ်ရင်း အကြံဉာဏ်ကောင်းများနဲ့ မေတ္တာဓာတ်များ ထပ်လောင်းကာ ပရဟိတအလုပ် အားထုတ်နေကြတဲ့ အဖြူရောင် နှလုံးသားပိုင်ရှင် အဖြူရောင် မေတ္တာရှင် လူငယ်လေးများအတွက် ရင်ထဲမှာလည်း သစ္စာအဓိဋ္ဌာန်များ အကြိမ်ကြိမ် ပြုပွားပေးဖြစ်ခဲ့ပါသေးတယ်။
သူတို့အဖွဲ့တွေ ပြန်ခါနီးမှာတော့ အဖြူရောင်အဖွဲ့ထဲက လူငယ်တစ်ယောက်က “ဘုန်းဘုန်းဘုရား ဘုန်းဘုန်းက လူငယ်တွေအတွက် ဘဝခွန်အား စာပေများကို ရေးသားမျှဝေပေးနေတယ်ဆိုတာ တပည့်တော်တို့ သိလည်းသိရသလို၊ ဘုန်းဘုန်းရဲ့ စာတွေကို ဖတ်လည်းဖတ်ဖြစ်ပါတယ်၊ အချိန်ရမယ်ဆိုရင် တပည့်တော်တို့ အဖွဲ့အတွက်လည်း စာလေးတစ်ပုဒ်လောက် ရေးပေးပါဘုရား၊ ဘုန်းဘုန်းတို့ရဲ့ ကလောင်တစ်ချက်က တပည့်တော်တို့အတွက် အများကြီးအထောက်အကူ ပြုနိုင်တဲ့အတွက် ဖြစ်နိုင်ရင် စာတစ်ပုဒ်လောက် အမြန်ဆုံး ရေးသားချီးမြင့်ပေးပါဘုရား”လို့ လျှောက်ထားပါတယ်။ ဘုန်းဘုန်းမှာလည်း ကိုယ့်အလုပ်နဲ့ကိုယ် မအားလပ်တာကြောင့် သူတို့ရဲ့ တောင်းဆိုမှုကို မတင်မကျနဲ့ပဲ အဖြေပြခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဖြူရောင်အပြုံးနဲ့ အဖြူရောင် နှလုံးတွေက ဘုန်းဘုန်းရဲ့ မအားတဲ့အချိန်တွေကို ဆွဲယူထားနိုင်ခဲ့တဲ့အတွက် အခုတော့ စာတစ်ပုဒ်အနေနဲ့ အကောင်အထည် ဖော်ဖြစ်ခဲ့ပေပြီပေါ့။
အဖြူရောင်ဆိုတဲ့ စကားလုံးနဲ့ အဖြူရောင် အဖွဲ့လူငယ်လေးတွေရဲ့ ပရဟိတအကျိုးအတွက် လှုပ်ရှားမှုလေးတွေဟာ ခုနောက်ပိုင်း တစ်စတစ်စ ကျယ်ပြန့်ပြီး ထိရောက်မှု ရှိလာတာကို သတိပြုမိခဲ့ပါတယ်။ တစ်ခါတစ်လေ အင်တာနက်စာမျက်နှာပေါ်မှာ တွေ့ရတဲ့ သူတို့တွေရဲ့ ပုံရိပ်လို့ ပြောလို့ရတဲ့ ရန်ပုံငွေပွဲလေးတွေ၊ ဈေးရောင်းပွဲလေးတွေ၊ အလှူပွဲလေးတွေ၊ သူတို့တွေရဲ့ လှူဒါန်းမှု အစုလေးတွေကို တွေ့ရတဲ့အခါဆိုရင် ဘုန်းဘုန်းမှာ တိုက်ရိုက်မကူညီနိုင်ခဲ့ပေမယ့် ရင်ထဲမှာလှိုက်လှိုက်ပြီး ပီတိသဒ္ဓါ ဖြစ်ခဲ့ရတာတွေကတော့ အကြိမ်ပေါင်း မနည်းလှပါဘူး။ ဒီထက်ပိုပြီး ဂုဏ်ယူမိတာက “ပြည်တွင်းမှာရော၊ ပြည်ပမှာ လူငယ်တွေ အများကြီးရှိပေမယ့် အခုလို ကိုယ့်တစ်နိုင်တစ်ပိုင် တူညီတဲ့စိတ်ထား၊ တူညီတဲ့သဒ္ဓါတရား၊ တူညီတဲ့ မေတ္တာ ကရုဏာ တရားလေးတွေနဲ့ အတူလက်တွဲပြီး အများအကျိုး ရွတ်သယ်ပိုးကြတဲ့ လူငယ်တွေဆိုတာ ရေတွက်ရင် ရသလောက်ရှိတဲ့ အနေအထားမှာ ကိုရီးယားရောက် အဖြူရောင် မြန်မာလူငယ်လေးများကလည်း တစ်တပ်တစ်အားနဲ့ လှုပ်ရှားမှုတွေ ရှိနေကြတဲ့ အရေအတွက်တွေထဲမှာ ထူးထူးခြားခြား ပါဝင်နေတယ်” ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
သူတို့လေးတွေရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ရည်ရွယ်ချက်လေးတွေကလည်း ကောင်းနေကြတော့ မြန်မာအများကြီး မရှိသေးတဲ့ ကိုရီးယားလို နိုင်ငံမှာတောင် အဖြူရောင်အဖွဲ့သားတွေရဲ့ တူညီတဲ့ ခွန်အားတွေဟာ အချိန်အတို အတွင်းမှာကိုပဲ ထိထိရောက်ရောက် ဖြစ်လာတော့တာ ဖြစ်ပါတယ်။ အစကောင်းမှ အနှောင်းသေချာဆိုသလို့ အဖြူရောင်အဖွဲ့တွေရဲ့ တူညီမှုအစ၊ ရည်ရွယ်ချက်တွေက
၁။ မိဘမဲ့ ကလေးသူငယ်များ၊ သက်ကြီးရွယ်အို ဘိုဘွားများအား နွေးထွေးစွာ ပြုစုစောင့်ရှောက်ရန်နှင့် ကူညီထောက်ပံ့သွားရန်
၂။ အခြား လူမှုရေး နှင့် ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်သွားရန်၊
၃။ လူငယ်လူရွယ်များ ချစ်ခင်ရင်းနှီးစွာ၊ အစုအသင်းစိတ်ဓါတ်ဖြင့် လူမှုဖွံ့ဖြိုးရေးနိမ့်ကျနေသော ပတ်ဝန်းကျင်အား ထိရောက်စွာအကျိုးပြုရန် စတဲ့ အကောင်းအစလေးတွေနဲ့ လက်တွေ့ပြထားတာတွေဆိုတော့ အနှောင်းမှာလည်း ကောင်းသထက်ကောင်းဖို့ပဲ ရှိတော့တာ ဖြစ်ပါတယ်။
အဖြူရောင်ကလေးတွေ ဘယ်လိုတွေးတယ်ဆိုတာ သေချာမသိပေမယ့် ဘုန်းဘုန်းရဲ့ တစ်သီးပုဂ္ဂလ အတွေးကတော့ “လောကကြီးမှာ အကျိုးစီးပွားဆိုတာ ကိုယ်ကျိုးအတွက် ရှိသလို၊ အများအကျိုးအတွက်လည်း ရှိနေတာဆိုတော့ ကိုယ်ကျိုးပဲ မကြည့်ဘဲ အများအကျိုးအတွက်လည်း စွမ်းနိုင်သမျှ လုပ်ပေးခြင်းဟာ တကယ့်ကို မွန်မြတ်တဲ့ အလုပ်ဖြစ်တဲ့အတွက် စွမ်းနိုင်သူတွေ အနေနဲ့ လုပ်ကိုလုပ်သင့်ကြတယ်”ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုး ရှိနေတဲ့ အနေအထားမှာ လောကကြောင်းအရပဲ ကြည့်ကြည့် ဓမ္မကြောင်းအရပဲ ကြည့်ကြည့် စွမ်းနိုင်တဲ့သူတွေ၊ တတ်နိုင်တဲ့သူတွေ အနေနဲ့ကတော့ မစွမ်းနိုင်တဲ့သူတွေကို တစ်နိုင်တစ်ပိုဒ် ကူညီထောက်ပံ့မှုလေးတွေ ပြုလုပ်တယ်ဆိုတာ ဒါဟာ စစ်မှန်ပြီး အပြစ်ကင်းတဲ့ အလုပ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအလုပ်ကို အဖြူရောင်လူငယ်လေးတွေ တစ်စိုက်မတ်မတ် လုပ်လာဖြစ်တာ နေမှာပါလို့ ဆက်စပ်တွေးဖြစ်လိုက်ပါသေးတယ်။
ပြီးတော့ စွမ်းအားဆိုတာ တစ်ယောက်တည်း မနိုင်ပေမယ့် အများပေါင်းလိုက်တဲ့အခါ ခွန်းအား ကြီးမားတတ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ လူတွေမှာ ရှိတဲ့သူတွေအတွက် တစ်ပြားတစ်ချပ်ဆိုတာ ဘာမှမဟုတ်ပေမယ့် မရှိတဲ့သူတွေအတွက် တကယ့်ကို အများကြီး အကျိုးဖြစ်သွားတတ်တယ်ဆိုတာ တစ်ကျပ်တစ်ပြားနဲ့ တစ်တပ်တစ်အား စုပေါင်းထားတဲ့ အဖြူရောင်လူငယ်များက အသိဆုံးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုရီးယားလို နိုင်ငံမျိုးမှာ ငါးထောင်၊ တစ်သောင်းဆိုတာ ရုပ်ရှင်လက်မှတ်တစ်စောင်စာ၊ ကားလက်မှတ်တစ်စောင်စာ၊ ဆေးလိပ်တစ်ဗူးစာ၊ အရက်တစ်ပုလင်း၊ နှစ်ပုလင်းစာလောက်သာ ဖြစ်ပေမယ့် အဲဒီငါးထောင်တစ်သောင်းလောက်ဟာ မြန်မာပြည်လို ဆင်းရဲလှတဲ့ နိုင်ငံတွေမှာတော့ ဘဝတစ်ခုကို ခဏပဲဖြစ်ဖြစ် လှသွားနိုင်လောက်အောင် အကျိုးဖြစ်ထွန်းစေတယ်ဆိုတာ တစ်ကျပ်တစ်ပြား စုပေါင်းအားနဲ့ အများအကျိုး ရွတ်သယ်ပိုးနေကြတဲ့ ပရဟိတသမားများအားလုံး အသိဆုံးနဲ့ လက်အခံဆုံးပဲ ဖြစ်ပါတယ်။ အဓိကကတော့ အဲဒီတစ်ကျပ်တစ်ပြားကို တစ်တပ်တစ်အားနဲ့ ပူပေါင်းပါဝင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ တစ်ကျပ်တစ်ပြားတွေ များလေလေ ဘဝမလှတဲ့သူတွေအတွက် ခွန်အားတွေ တိုးပွားလေပဲ ဖြစ်တဲ့အတွက် တစ်လမှာ တစ်ခါလောက်ပဲဖြစ်ဖြစ် သောက်မယ့်အရက် တစ်ပုလင်းစာ၊ သောက်မယ့်ဆေးလိပ် တစ်ဗူးစားလောက်ကို ပရဟိတ အလုပ်များအတွက် ပေါက်မြောက်အောင် ထည့်ဝင်နိုင်ကြမယ်ဆိုရင် ကိုယ့်အတွက်လည်း ကုသိုလ်ရ၊ ကိုယ့်လောက်မှမရှိတဲ့ သူတွေအတွက်လည်း ဘဝတွေ လှသွားကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ သေချာတာကတော့ အရက်တစ်ပုလင်းစာလျော့ပြီး အလှူလုပ်နိုင်ခဲ့မယ်ဆိုရင် ကိုယ့်မှာလည်း ကုသိုလ်ရ၊ သူ့မှာလည်း ဥစ္စာရသွားတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
ထားပါတော့။ ဒီနေရာမှာ ပြောချင်တာက အဖြူရောင်နှလုံးသားပိုင်ရှင် ကိုရီးယားရောက် အဖြူရောင်မေတ္တာ လူငယ်လေးများရဲ့ အဖြူရောင်လှုပ်ရှားမှု ပုံရိပ်များအကြောင်း တစ်စေ့တစ်စောင်းပဲ ဖြစ်ပါတယ်။ ပေါ်ပေါက်တာမကြာသေး၊ အဖွဲ့အင်အား မများသေး၊ ရံပုံငွေးအား မပွားသေးပေမယ့် သူတို့တွေရဲ့ လက်တွေ့လုပ်ထားတဲ့ လှုပ်ရှားမှုအားတွေကတော့ မြန်မာပြည်တွင်းမှာ အတော်များများ အလှတရားတွေ ဖြစ်ပွားနေကြပြီဆိုတာ ပြောချင်တာ ဖြစ်ပါတယ်။ သူတို့လေးတွေဟာ ဒီအလုပ်တွေကို ငွေကြေးတတ်နိုင်လို့၊ အချိန်တွေပိုနေလို့ လုပ်နေကြတာမဟုတ်ဘဲ အမျိုးတွေရဲ့ လိုအပ်ချက်တွေအရ တစ်ထောင့်တစ်နေရာက အထောက်အကူပေးလို၊ ကိုယ်ပင်ပင်ပန်းပန်း ရှာဖွေထားတာလေးတွေကို ရေရှည်အတွက် အကျိုးရှိမယ့် နေရာလေးတွေမှာ ပံ့ပိုးမြုပ်နှံပေးလိုမှု သက်သက်တွေကြောင့် စိတ်ရောကိုယ်ပါနှစ်ပြီး ပတ်ဝန်းကျင်ရဲ့ အပြောအဆိုကိုခံကာ လုပ်နေကြတယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့လေးတွေလိုပဲ ကိုယ်ရှာဖွေထားတာလေးတွေထဲက တစ်ကျပ်တစ်ပြားပဲဖြစ်ဖြစ် အမြတ်တရားတွေ ဖြစ်စေလိုသူတွေ အနေနဲ့လည်း အဖြူရောင်နှလုံးသားပိုင်ရှင် အဖြူရောင်မေတ္တာရှင်လေးများနဲ့ ပူပေါင်းပါဝင် အားဖြည့်ပေးကြဖို့ အသိပေး တိုက်တွန်းလိုက်ချင်တာ ဖြစ်ပါတယ်။ (အဖြူရောင်အဖွဲ့ စာမျက်နှာ http://whiteloveforpeople.ning.com/ )
ဒါကြောင့် အဖြူရောင် နှလုံးသား၊ အဖြူရောင်အပြုံးများနဲ့ အဖြူရောင်သက်သက် အလုပ်များကို တစ်တပ်တစ်အားနဲ့ လှုပ်ရှားနေကြတဲ့ ကိုရီးယားရောက် အဖြူရောင်မေတ္တာ လူငယ်တွေလို မိမိတို့ အနေနဲ့လည်း မိမိတို့ပင်ပင်ပန်းပန်း ရှာဖွေထားတာလေးတွေထဲက တစ်ကျပ်တစ်ပြားလောက်ပဲ ဖြစ်ဖြစ် တစ်တပ်တစ်အား စုပေါင်းအားတွေ တည်ဆောက်ပေးလိုကြတယ်ဆိုရင်ဖြင့် အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ (ကိုရီးယား)နဲ့ ပူပေါင်းပြီး အများအကျိုးကို စွမ်းနိုင်သမျှ ဆောင်ရွတ်နိုင်ပါကြောင်း အသိပေးဖိတ်ခေါ်ရင်း ဘုန်းဘုန်းကိုယ်တိုင် ရေးစပ်ပေးထားတဲ့ “ပရဟိတစိတ်ထား ထိုသူများသို့”ဆိုတဲ့ ကဗျာလေးနဲ့ပဲ အဖြူရောင်မေတ္တာလူငယ်များအကြောင်း တစ်စေ့တစ်စောင်းကို စေတနာထား မေတ္တာအားနဲ့ ဂုဏ်ပြုတင်ပြလိုက်ရပါတယ်။
“ပရဟိတစိတ်ထား၊ ထိုသူများသို့”
သဒ္ဓါအပြည့်၊ သီလငွေ့ဖြင့်
ဆန္ဒလည်းထား၊ ဝီရိယအားဖြင့်
ခန္တီနှလုံး၊ အစဉ်သုံး၍
မေတ္တာနှလုံး၊ ကျင့်ကာသုံးသည့်
အမှန်ကန်ဆုံး၊ ဤကျင့်ထုံးကား
အများတကာ၊ ကောင်းစေရာဖို့
စွမ်းဆောင်စေသူ၊ များထိုသူတို့
အမှန်မလွဲ၊ သတိစွဲကာ
လိုက်နာကျင့်ရာ၊ နည်းမှန်ပါ၍
ပရစိတ်ထား၊ အို..လူသားတို့
ကြိုးစားအမှန် ကျင့်ကြံလေလော့။ ။
မေတ္တာဖြင့်
(မနာပ ဒါယီ ဆရာတော်)
သဒ္ဒါတရားပေါက်၍၊ဆေးပညာအတွက် ပါဝင်လှူဒါန်းခြင်း။
ကျွန်တော်တို့ အဖြူရောင်မေတ္တာလူငယ်များအဖွဲ့တွင် လစဉ်လစဉ်အလှူငွေများလှူဒါန်းနေသော ကိုသိန်းမြင့်သည် ယခု (၈.၂၀၁၁)လစဉ်ကြေးဝမ် ၁သောင်း (၁၀၀၀၀) တိတိ အပြင် ဆေးကျောင်းသားအတွက်ပါ သဒ္ဒါတရားပေါက်၍၊ ဆေးပညာဒါနပေးလှူမှု အတွက်
ဝမ် ၅သောင်း(၅၀၀၀၀)တိတိကိုစေတနာသဒ္ဒါတရားထက်သန်စွာပါဝင်လှူဒါန်းခဲ့ပါသည်။
ဆေးပညာဒါနပေးလှူခြင်း
ကျနော်တိုရဲ.အဖြူရောင်အဖွဲ.မှအဖွဲ.ဝင်ကိုကျော်သူရနှင့် စကားပြောဖြစ်ရာမှ သူကကျနော် တို့အဖွဲ့မှ ပညာရေးနှင့်ပတ်သက်သော အကူအညီများဆောင်ရွက်နေသည်ကို သိရှိသဖြင့် သူ၏ကိစ္စတစ်ခုအား တိုင်ပင်ချင်သည်ဟု ပြောပါသည်။ (ကိုကျော်သူရသည် မကွေးဆေးတက္ကသိုလ်မှ ဆေးကျောင်းသားတစ်ဦးကို ပညာဒါန ထောက်ပံ့နေသူ တစ်ဦးဖြစ်ပါသည်။)မကွေးဆေးတက္ကသိုလ်၌ 2011ခုနှစ်တွင်ပညာသင်ကြားရမည့် ဆေးကျောင်းသားတစ်ဦးသည် ဆက်လက်ပညာသင်ကြားနိုင်ရန် အခက်အခဲဖြစ်နေပါသည်၊ထိုကျောင်းသားသည်
2010ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအား သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ
ဘာသာရပ်များဂုဏ်ထူး ရမှတ်ပေါင်း(471)ဖြင့် ထူးချွန်အောင်မြင်ခဲ့ပါသည်။ သူ၏မိဘများသည်
ဆင်းရဲနွမ်းပါစွာဈေးရောင်းနေကြသူများဖြစ်ပါသည်။ မိသားစုများအနေဖြင့်
သူ၏ပညာရေးအတွက်လိုအပ်သောငွေကြေးများကို ထောက်ပံ့ပေးရန် အလွန်ပင်အခက်အခဲရှိနေပါသည်။
ထို့ကြောင့် ကျနော်တို့အဖွဲအနေဖြင့် ကျောင်းသားလေး၏ဆေးတက္ကသိုလ်
တွင်ဆက်လက်ပညာသင်ကြားနိုင်ရန်အတွက် လိုအပ်သော ပညာသင်စားရိတ်များ စီစဉ် ထောက်ပံ့ပေးနိုင်ပါကအလွန်ပင်မွန်မြတ်သည့်ပညာရေးအလှူတစ်ခုဖြစ်သည်ဟု
ကျနော်ထင်မြင်မိပါသည်။ ထို့ကြောင့် ကျနော်တို့အဖွဲအနေဖြင့် ထိုကျောင်းသားလေး၏ ပညာသင်စရိတ်လစဉ်ကျပ်တစ်သိန်းဖြင့် တစ်နှစ်စာထောက်ပံ့ပေးသွားမည်ဟု ဆုံးဖြတ်ချက်ချခဲ့ပါသည်။
ထိုကျောင်းသားလေး၏ကျန်သောပညာသင်နှစ်များတွင်လည်း တတ်နိုင်သမျှ ကူညီပေးသွားမည်ဟုလည်း ရည်ရွယ်ထားပါသည်။
ကျနော်တို့မြန်မာနိုင်ငံတွင် ထိုကျောင်းသားလေးကဲ့သို့ ထူးချွန်သော်လည်း ဆက်လက်ပညာသင်ကြားနိုင်ရန်အခက်အခဲရှိသော ကျောင်းသူကျောင်းသားများစွာရှိနေပါသည်။ ထိုကျောင်းသူကျောင်းသားများအတွက်ကူညီထောက်ပံ့မည့် အလှူရှင်များလည်းများစွာလိုအပ်နေပါသည်။ ကူညီလှူဒါန်းလိုသော
မိတ်ဆွေများရှိပါက ကျနော်တို့အဖွဲ့အားဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
မှတ်ချက်။ ။ ကျောင်းသားလေး၏အမည်မှန်ကို ထည့်သွင်းမဖေါ်ပြခြင်းသည် ထိုကျောင်းသားလေး၏
ဂုဏ်သိက္ခာကို ငဲ့ကွက်ခြင်းကြောင့် ဖြစ်ပါသည်။
အဖြူရောင်မေတ္တာလူငယ်များ(ကိုရီးယား)အဖွဲ့
အဖြူရောင်မေတ္တာလူငယ်အဖွဲ့၏ ဆေးပညာဒါနပေးလှူမှုကို၊ သိရရုံမျှဖြင့် သဒ္ဒါတရားပေါက်၍၊ ပါဝင်လှူဒါန်းခြင်း
ဦးကျော်စိုးလင်း+ဒေါ်အေးအေးမော် (ပြည် လဝက ခရိုင်)၊ မိသားစုသည် ၊မကွေးဆေးတက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားနိုင်ရေးအတွက်၊ ဆေးကျောင်းသား ၁ ဦးအားအဖြူရောင်မေတ္တာလူငယ်အဖွဲ့၏ ဆေးပညာဒါနပေးလှူထောက်ပံ့မှုကို၊ သိရရုံမျှဖြင့် သဒ္ဒါတရားပေါက်၍၊ ဆေးပညာဒါနပေးလှူမှုအတွက် ဝမ် ၁သိန်း(၁၀၀၀၀၀)တိတိ ကိုစေတနာသဒ္ဒါထက်သန်စွာဖြင့် ပါဝင်လှူဒါန်းခဲ့ပါသည်။
ယခုလိုသဒ္ဒါတရားထက်သန်စွာ ပါဝင်လှူဒါန်းပေးသော ဦးကျော်စိုးလင်း+ဒေါ်အေးအေးမော်(ပြည် လဝက ခရိုင်)တို့အား၊အဖြူရောင်မေတ္တာလူငယ်များ(ကိုရီးယား)အဖွဲ့မှ အထူးပင်ကျေးဇူးတင် ဂုဏ်ယူမိပါတယ်ခင်ဗျာ။
ဇော်မင်းထွန်း (ကရုပ္ပိ)
ဒလမြို့နယ် စံပြတံတားချောင်းရပ်ကွက်မှ စအိုပေါက်မပါသောကလေးငယ်
ကလေးအမည်မှာ မပိုပို(ခေါ်) ချယ်ရီဦးဖြစ်ပါသည်။အသက်မှာ ၇ နှစ်ကျော် ၈နှစ်ခန့်ရှိသည်။ မွေးစဉ်ကတည်းက စအိုပေါက်မပါကြောင်းသိရသည်။ အသက် နှစ်လခန့်တွင် ကလေးဆေးရုံသို့ (၂)ကြိမ်သွားရောက်ပြသဖူးသည်။ ဆရာဝန်များက ခွဲစိတ်ရမည်ဟုပြောသော်လည်း ငွေကြေး မတတ်နိုင်သောကြောင့် ခွဲစိတ်မှုမခံယူခဲ့ သည်မှာ ယခုအထိတိုင်အောင်ဖြစ်သည်။ စအိုပေါက်မပါသဖြင့် ဆီးသွားလမ်းကြောင်းမှ ၀မ်းသွားနေရပြီး ဗိုက်မှာ ပူနေသည်။ ၀မ်းမှာ အချိန်ပြည့် နည်းနည်းချင်းစီထွက်နေသည်။ လှုပ်လှုပ်ရှားရှားပြုလုပ်ပါက ပိုပြီးထွက်သည်။တစ်ခါတစ်ရံ ၀မ်းလျှောသည်။ဝမ်းချုပ်လျင် ဗိုက်မှာ ပိုပိုပြီးပူလာသည်။ ၀မ်းချုပ်ခံလို့မရပါ။ကလေးမှာ ကျောင်းနေရမည့် အရွယ်ဖြစ်သော်လည်း ကျောင်းမနေပါ ။ အမြဲတမ်းဝမ်းများပေးကျံနေသောကြောင့်၏ အခြားကလေးများအနှောင့်အယှက်ဖြစ်မည်ကိုစိုးရိမ်ခြင်း၊ စီးပွားရေး အခြေအနေမကောင်းခြင်း တို့ကြောင့်ပင်ဖြစ်သည်။.
မိသားစုအခြေအနေမှာ ဖခင်ဖြစ်သူကိုလှဦးသည် ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ အလုပ်ကို လုပ်ကိုင်သော အလုပ်သမားတစ်ယောက်ဖြစ်သည်။တစ်နေ့လျင် ပုံမှန် ၂၀၀၀ကျပ်ခန့်ဝင်သည်။ မိခင်ဖြစ်သူ မပုလဲမှာ အခြားအိမ်မှ အ၀တ်များလျှော်ဖွတ်သည်။ စီးပွားရေး အခြေအနေမှာ တော်တော် မပြေလည်ပါ။သားသမီးမှာ စုစုပေါင်းသုံးယောက်ရှိပြီး မချယ်ရီဦးမှာ အကြီးဆုံး ဖြစ်သည်။ ကျန်အငယ်နှစ်ယောက်အနက် တစ်ယောက် (အလတ်)ကို မပုလဲ၏အမများမှ ခေါ်ယူကျွေးမွေးထားသည်။ အငယ်ဆုံးမှာ ၂ နှစ်နှင့် လေးလရှိပြီဖြစ်သည်။ ၀င်ငွေထွက်ငွေ မမျှတခြင်း ကြောင့် ကလေးကို ဆေးကုရန်မှာ အဆင်မပြေပါ ။အိမ်မှာလည်း မြေငှားနေရခြင်းဖြစ်ပြီး တစ်လလျင်(၃၀၀၀)ကျပ်ပေးရသည်။အိမ်မှာ(၈)ပေပတ်လည်ခန့်ရှိပြီး တော်တော် ကျဉ်းလေသည်။ အိမ်မှာ ၀ါးခင်း၊ဓနိမိုး၊ထရံကာဖြစ်သည်။
ဆင်းရဲချို့တဲ့သောမိသားစုဖြစ်သည်။
ကလေးအခြေအနေမှာ အမြန်ဆုံးခွဲစိတ်မှုခံယူလျင် ပိုကောင်းမည်ဖြစ်ပါသည်။ ဒီမွေးရာပါချို့ယွင်းချက်လေးတစ်ခုကြောင့် လူစဉ်မမီဖြစ်နေသော ကလေးငယ်အား မိမိတို့စေတနာ တတ်အားသမျှကူညီဖေးမကြဖို့ စေတနာရှေ့ထား အသိပေးနှိုးဆော် လိုက်ရပါတယ်ခင်ဗျာ။
----------------------------------------------------------------------------
Cyprus မှ အလှူရှင်များစာရင်း....
၁ ။ကိုအောင်သူမိုး + နန့်နှင်းပွင့်ဖြူ - ၂၀၀ ယူရို
၂ ။ကိုသက်လွင် - ၄၀ ယူရို
England မှ အလှူရှင်များစာရင်း...
မခင်သော်တာထွန်း .........................၅၀၀၀၀.....ကျပ်
မခင်သော်တာထွန်း၏ သူငယ်ချင်း......၁၀၀၀၀၀...ကျပ်
ကိုအောင်ကိုကိုကျော်........................₤ 30
ကိုကျော်လင်းထက်...........................₤ 40
မမို့မို့ မောင်.....................................₤ 10
ကိုစိုးလင်းမောင်................................₤ 10
မအေးအေးမာ...................................₤ 10
ကိုစည်သူသန်းထိုက်..........................₤ 10
မဟေမာန်သန်းထိုက်..........................₤ 10
>မဟေမာန်ချမ်းငြိမ်း.............................S$ 50
ကိုသက်နိုင်ဆွေ.................................S$ 30
AIDS ဝေဒနာရှင်များအတွက် အဖြူရောင်မေတ္တာလူငယ်များ (korea) မှလှူဒါန်းခြင်း
မြန်မာနိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါး၊ မကျန်းမာဖြစ်နေသော AIDS ဝေဒနာရှင်များအတွက် ကိုနိုင်ကိုမှ micro wave လှူဒါန်းခဲ့ပါသည်။
စကာင်္ပူမှအလှူရှင်များ ဆက်သွယ်ရန်
မဖြူမာထွန်း phyumarrr@gmail.com.......phone..65 9061 4055
လန်ဒန်မှအလှူရှင်များဆက်သွယ်နိုင်ရန်
ကိုကျော်လင်းထက် nyilin@gmail.com phone: 44 7894989130
ဆိုက်ပရက်စ်မှ အလှူရှင်များ ဆက်သွယ်ရန်
မနှင်းပွင့်(cyprus) hnin.snow84@gmail.com, 357-9971-2422
_________________________________________________________
ကိုးရီးယားမှ အလှူရှင်များ ဆက်သွယ်ရန်...
၁။ကိုကျော်ဝင်း kokyawwin2@gmail.com, 010 - 2579 - 5844
၂။ကိုဇေယျာလင်း linnzay2@gmail.com ,010 - 5107 - 7990
၃။ကိုတင့်နိုင်ထွန်း(ကရင်) naingko9@gmail.com, 010 - 3959 - 3021
၎။ကိုဇာနည်ထွန်း zartun.hzt@gmail.com, 010 - 6521 - 1982
၅။ ကိုဝင်းထိုက် kowinhtike007@gmail.com, 010 2385 3873
ပါဝင်ထောက်ပံ့လှူဒါန်းလိုသူများ ကိုဇော်မင်းထွန်း -woori bank 1002 039 872399
ဖုန်းနံပါတ် -010 8239 1977 (zawminhtun42@gmail.com)
(အမာခံ အသင်းဝင်များ လိုအပ်နေပါသည်)1
အဖြူရောင်မေတ္တာလူငယ်များပရဟိတအသင်း(ကိုရီယား)၏ဒုတိယအကြိမ်စတုဒီတာ ကျွေးမွှေးလှူဒါန်းသည့် အလှူအောင်ပွဲ…Continue
Started by with love Oct 19, 2011.
ကျနော်တို့ရဲ့ တနိုင်ငံတည်းသားလည်းဖြစ်၊လူမှုရေး၊ ဘာသာရေး၊ ကဏ္ဍတွေမှာတက်တက်ကြွကြွဆောင်ရွက်နေထိုင်ခဲ့တဲ့ ကိုအောင်နိုင်ဝင်း(ဖိုးနိုင်)ဟာ ကင်ဆာရောဂါဝေဒနာခံစားနေရသောကြောင့် အဖြူရောင်မေတ္တာလူငယ်များ(ကိုရီးယား)မှ သူငယ်ချင်းများကစုပေါင်းပြီး ၂၇့၃့၂၀၁၁ ရက်နေ့တွင်…Continue
Started by with love Apr 27, 2011.
မြန်မာပါဆယ်အမျိုးမျိုးနဲ့ ကဒ်ဖုန်းအမျိုးမျိုး
စကားဝါ(စတိုးနှင့် စားသောက်ဆိုင်)မြန်မာသူကြီး (စတိုးနှင့်စားသောက်ဆိုင်)
Naing Crown မြန်မာ(စတိုးနှင့်စားသောက်ဆိုင်)
မိတ်ဆွေဘလော့များ
ဟန်းဂုရွာ
ဓမ္မဒူတ(ကိုရီးယား)
ဝင်းလတ်
စိတ္တသုခမြန်မာဘုန်း
တော်ကြီးကျောင်း
မြန်မာဗုဒ္ဓဘာသာသာသနာ
ပြုကျောင်းတော်
ဘူဆန်သူငယ်ချင်းများဘလော့
အဖြူရောင်သူငယ်ချင်းများ
ပြည်တော်ဦး ကိုရီးယား-မြန်မာ သာသနပြုရိပ်မွန်
ကိုရီးယားရောက်မြန်မာ
ကျောင်းသားများအသင်း
ဒါနအကျိုးဆောင်လူငယ်များအဖွဲ့ 
အဖြူရောင်မေတ္တာလူငယ်များ(ကိုရီးယား)

Myanmar Zaw Gyi Font.EXEရယူနိုင်ပါသည်..
ဆိုဒ်အတိုင်ပင်ခံများ
မိုးဇေယျာ
ချန်လေး
© 2012 Created by with love.
Powered by
.
